ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma. Jia အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၂ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်း ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက် နိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ အမျိုးသမီးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
- Log in to post comments