ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား လက်ခံတွေ့ဆုံ
နေပြည်တော် ဩဂုတ် ၂၆
ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွတ်လပ်ပြီးတရားမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအပြင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်ရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
- Log in to post comments