Skip to main content
Submitted by admin on June 14, 2024

နေပြည်တော် ဇွန် ၇

၂၀၂၄ ခုနှစ် ဇွန် ၆ ရက်တွင် ကျရောက်သည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) တည်ထောင်မှု (၂၇) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာအား အခြားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာများနှင့်အတူ ဘင်းမ်စတက်အတွင်းရေးမှူးရုံး၏ တရားဝင်ဝက်ဘ်ဆိုက်၌ လွှင့်တင်ထားရှိသည်။

Date
Post Format
Standard (Image)
Breaking News
Off